Friday, 25 February 2011

ပထမဆုံးမေတ္တာရပ်ခံခြင်း နှင့် ကြေငြာချက်




ကျနော်တို့ ဒီ ဘလော့ခ်လေးကို ၁၃ . ၂ . ၂၀၁၁ ရက်နေ့မှစ၍ စတင်ပြုလုပ်ခဲ့ပါသည်။
သိလို့တတ်လို့ ဒီ IT Researcher ဆိုတဲ့ ဘလော့ခ်ကိုပြုလုပ်ရခြင်းမဟုတ်ပါ။
ကျနော်တို့ လေ့လာမိသမျှ၊ စူးစမ်းမိသမျှ၊ သိသမျှ ..... စသည်တို့ အား ပြန်လည် တင်ပြချင်တဲ့စိတ်တစ်ခုတည်း သာ ဖြစ်ပါသည်။
ကျနော်တို့ထက် ၀ါကြီးသော၊ ပညာတတ်သော၊ နည်းပညာပိုင်းတွင် ပို၍နားလည်သော ... စသူတို့ ထံမှ လေ့လာ ထားမှုများ၊ ၀က်စ်ဆိုက်များတွင်တင်ထားသော ပို့စ်များအား လိုက်လံဖတ်ရှုမှုများ ... စ သဖြင့်ပေါ့ ...
ကျနော်တို့ ပြန်လည်တင်ပြခြင်းသဘောမျိုးတစ်ခုသာဖြစ်ပါသည်။
ထို့အတွက် လိုအပ်ချက်များ၊ အမှားအယွင်းများရှိခဲ့ပါက ခွင့်လွှတ်ပေးစေလိုပါသည်။
ဒါ့အပြင် ၀င်ရောက်ဖတ်ရှုသူများထဲမှ ကျနော်တို့မသိသေးတဲ့အကြောင်းအရာ များအား ပြန်လည်ဝေ ငှပေးစေလို ပါသည်။
ကျနော်တို့ IT Researcher အဖွဲ့သားများမှလဲ အကောင်းဆုံးအဖြစ် ဖန်တီးတင်ပြပေးနိုင်ဖို့အတွက် နည်းပညာ များအား ဆက်လက်လေ့လာနေပါဦးမည်။
ဒီ့ထက်ပိုမိုကောင်းမွန်ပြီး စုံစုံလင်လင်ဖြစ်ဖို့အတွက်တော့ အများကြီးအချိန်ယူလေ့လာနေ ရဦးမယ် ဆိုတာကို စာဖတ်ပရိသတ်များအား အသိပေးကြေငြာရင်း ..................

IT RESEARCHER

0 comments:

Post a Comment

အသင်တို့ပြောဆိုသော စကားလုံးဖြင့် အကျွန်ုပ်တို့ အားတစ်ခုဖြစ်ရပါစေသား။

 
Powered by Blogger